ပုဇွန်တောင်ဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်ဈေးအတွင်း အခြေခံစားသောက် ကုန် ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ ဆန်ချော အမျိုးအစားများအလိုက် 2024 ခုနှစ် ဒီဇင်ဘာလစတုတ္တပတ်တွင် ဧည့်မထတစ်ပြည်လျှင် (3၄00 မှ ၄၀00) ကျပ်ထိ ၊ ငစိန်တစ်ပြည် လျှင်  2800ကျပ်၊  ဇီယာတစ်ပြည်လျှင် (3၂00 မှ 3500) ကျပ်ထိ ၊  ပေါ်ကျွဲတစ်ပြည်လျှင် 4၉00 ကျပ် ၊ ပုသိမ်ပေါ်ဆန်းတစ်ပြည်လျှင် 5၇00 ကျပ် ၊  ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် 5၅00 ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် 6၇00 ကျပ် လည်းကောင်းအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

        အလားတူ စားဖိုဆောင်သုံးစားသောက်ကုန်များတွင် ဆီ(စားအုန်းဆီ)  တစ်ပိဿာ ၇၇၀0 ကျပ်၊  ပဲဆီ တစ်ပိဿာ ၁၉000 ကျပ် ၊ ကြက်သွန်နီ တစ်ပိဿာ ၅၀00 ကျပ် ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ 2၂00၀ ကျပ် ၊ (အမွှာ) တစ်ပိဿာ 2၀000 ကျပ်၊ (ဥတလုံး) တစ်ပိဿာ 2၅000 ကျပ် တို့ဖြစ်ပြီး၊ အာလူးတစ်ပိဿာ ၉000 ကျပ် ၊ နနွင်းမှုန့်တစ်ပိဿာ 14000ကျပ် ၊ နနွင်းတက် တစ်ပိဿာ 8000 ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ် ၁၀00 ကျပ် ၊  ရိုးရိုးဆားတစ်ထုပ် 500 ကျပ်၊  မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၄၀၀၀ ကျပ် ၊ ငရုပ်တောင့်(ရှည်) တစ်ပိဿာ ၁၅၀၀၀ ကျပ် ၊ ငရုပ်တောင့်(ပု) တစ်ပိဿာ ၂၄000 ကျပ် ၊  မြန်မာပဲနီလေးတစ်ပိဿာ 1၅000ကျပ် ၊  ပဲဝါလေး တစ်ပိဿာ 5000 ကျပ် ၊ ကုလားပဲခြမ်းတစ်ပိဿာ 7၅00ကျပ် ၊ ချင်းတစ်ပိဿာ ၉000 ကျပ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အတူ အသား /ငါး ဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ ၁၉000 ကျပ် ၊ မြန်မာကြက်တစ်ပိဿာ 3၁000 ကျပ် ၊ ဝက်သားတစ်ပိဿာ ၃၀၀၀၀ကျပ် ၊ ဘဲသားတစ်ပိဿာ ၃၀000 ကျပ် ၊ ဆိတ်သားတစ်ပိဿာ ၃၁000 ကျပ်၊ အမဲသားတစ်ပိဿာ 2၆000 ကျပ် ၊ ငါးကြင်း တစ်ပိဿာ ၁၆000 ကျပ်၊  ငါးမြစ်ချင်းတစ်ပိဿာ ၁၀000 ကျပ် ၊  ‌ရေချိုငါးခူ တစ်ပိဿာ 2၃000 ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာ 1၇000ကျပ်၊ ပုဇွန်ထုပ်(ကြီး)တစ်ပိဿာ ၅၀000 ကျပ်၊ ပုဇွန်ထုပ် (လတ်)တစ်ပိဿာ 4၅000 ကျပ်၊ ပုဇွန်ကျော့တစ်ပိဿာ 2၈000 ကျပ်၊ ငါးတန်တစ်ပိဿာ ၁၅000 ကျပ်၊ ပင်လယ်ငါးတစ် ပိဿာ ၁၁000 ကျပ်၊ ငါးရံ့တစ်ပိဿာ 2၆000 ကျပ်၊ ငါးကျည်းတစ်ပိဿာ 35000 ကျပ် ၊ ရေချိုငါးသလောက်တစ်ပိဿာ 3၅000 ကျပ် ၊ ပုဇွန်ခြောက် (ကြီး)တစ်ပိဿာ 120000 ကျပ်၊ ပုဇွန်ခြောက်(လတ်)တစ်ပိဿာ 100000 ကျပ် ၊ ပုဇွန်ခြောက် (သေး) တစ်ပိဿာ ၅၉000 ကျပ် ၊ ငါးရံ့ခြောက်တစ်ပိဿာ ၈၅000 ကျပ် ၊ ငါးကျည်းခြောက် တစ်ပိဿာ ၈၅000 ကျပ်၊ ငါးပိကောင်တစ်ပိဿာ 2၅000 ကျပ်၊ အာဗြဲခြောက်တစ်ပိဿာ 33000 ကျပ် တို့ဖြစ်ကြောင်း  သိရှိရပါသည်။

          စားအုန်းဆီမှာ ရည်ညွှန်းဈေး (၇၅၂၅) ကျပ်အပေါ် အခြေခံရောင်းချရသောကြောင့် ဈေးနှုန်း အနည်းငယ်တက်ပြီး၊ ပဲဆီဈေးနှုန်းမှာ ဝယ်လိုအားနည်းသဖြင့် ဈေးအနည်းငယ် ကျဆင်းသွားကြောင်း သိရှိရပါသည်။ ကြက်သွန်နီမှာ ဈေးငြိမ်လျက်ရှိပြီး ကြက်သွန်ဖြူ ၊ အာလူး၊ ကြက်သား၊ ငါးနှင့် အခြားစားဖိုဆောင်သုံးကုန်ပစ္စည်းများမှာ ယခင်တစ်ပတ်ထက် အနည်းငယ် သာကျဆင်းလာပြီး၊ ငရုပ်ပုမှာဈေးအနည်းငယ် မြင့်တက်လာမှု ရှိကြောင်း ၂၄.၁၂.၂၀၂၄ နေ့ အတွက် ဈေးကွက်စုံစမ်း သိရှိရပါသည်။

DOCA(ရန်ကုန်)