ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပုဇွန်တောင် လမ်းမနှင့် သံသုမာလမ်းထောင့်ရှိ ကြက်/ဘဲဈေးဒိုင်၏ ၂၃-၁၂-၂၀၂၄ ရက်နေ့ ဈေးကွက်ဈေးနှုန်းများ အရ နေ့စဉ်ကြက်ကောင်ရေ (၅၇၂၂၅)ခန့်နှင့် ဘဲကောင်ရေ (၅၀၀)ခန့်တို့ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။
ဒီဇင်ဘာလ စတုတ္တပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်အကောင်ပြတ် တစ်ပိဿာဈေးနှုန်း မှာ ဗမာကြက်(၁၈၀၀၀ မှ ၃၁၀၀၀) ကျပ်၊ကြက်နီ(မွေးမ)(၁၂၈၀၀ မှ၁၆၀၀၀)ကျပ် တို့ရှိပါသည်။ စီပီအသားတိုးကြက်မှာ တစ်ပိဿာဈေးနှုန်း (၁၀၀၀၀ ကျပ် မှ ၁၀၈၀၀) ကျပ်နှင့် ချယ်ရီ၊ဘယ်ရီဘဲ တစ်ပိဿာ(၁၅၀၀၀ ကျပ်မှ ၁၉၀၀၀)ကျပ် တို့ရှိကြောင်းသိရှိရပြီး ၊အထူးသဖြင့် စီပီအသားတိုးကြက် မှာ အများဆုံးရောင်းချရပြီး တစ်ရက်လျှင် ပိဿာ (၅၆၂၀၀)ခန့် နှင့်ကြက်နီ(မွေးနီ/မ)များမှာ တစ်နေ့ လျှင်ပိဿာ(၁၂၄၇၀)ခန့်နှင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်နီ (မွေးထီး/မ)မှာ ဒန်ပေါက် လုပ်ငန်းများအတွက် ဝယ်ယူကြကြောင်း နှင့် စီပီအသားတိုးကြက်မှာ ဘာသာရေးပွဲတော်များနှင့် အလှူအတန်းများအတွက် အသုံးများလေ့ရှိကြောင်းသိရှိရပါသည်။
ကြက်/ဘဲ ဈေးဒိုင်ဈေးကွက်အရ သိသိသာသာဈေးနှုန်းမြှင့်တက်ခြင်းမရှိသော်လည်း ဘာသာရေးပွဲတော်ရက်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် ဝယ်လိုအားများကြောင်း သတင်းရရှိ ပါသည်။
DOCA(ရန်ကုန်)