စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်ကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။
ဂေါ်ဖီထုတ်ကို အသုံးပြုပုံမှာ အကြော်အချဉ်ဖျော်စပ်ရာတွင်လည်းကောင်း၊ ကော်ပြန်ကြော်၊ စမူစာကြော်၊ အသုပ်စုံ နှင့် မုံညှင်းချဉ်တို့တွင် ရောနှောထည့်သုံးသလို မုံလာထုတ် အစိမ်းကို ရေစိမ်၍ အတို့အမြုပ်ဖြင့်လည်းစားကြသလို အခြားသီးနှံများဖြင့်လည်းရောကြော်ပီး စားကြသည့်အတွက် အရှိ မဖြစ် ကုန်စိမ်းသီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။
ကန့်ဘလူမြို့ မြို့မဈေးတွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ဂေါ်ဖီ ထုတ်များကို ယခင်လ များတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု နိုဝင်ဘာ လကုန် ဒီဇင်ဘာလ လဆန်းပိုင်းတွင် ဒေသတွင်းထွက်ရှိသည့် ဂေါ်ဖီထုတ်များကိုသာ ဝယ်ယူရောင်း ချလျက်ရှိပြီး ဂေါ်ဖီထုတ်များကို အထုတ်အကြီး/အသေးသောင်းပြောင်းဝယ်ယူကာ ဖောက်သည် ဈေး နှုန်းအနေဖြင့် ဂေါ်ဖီထုတ် တစ်ထုတ်လျှင် (၂၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည်ရောင်းချသည့် ဈေးနှုန်းမှာ ဒီဇင်ဘာလ တတိယပတ်တွင် ဂေါ်ဖီထုတ် အကြီး/ အသေး ပေါ်မူတည်၍ တစ်ထုတ်လျှင် (၃၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ယခု ဒီဇင်ဘာလ စတုထ္ထပတ်တွင် ဂေါ်ဖီထုတ် အကြီး/ အသေးပေါ်မူတည်၍ တစ်ထုတ်လျှင် (၂၀၀၀/၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)