အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် အလှကုန်ပစ္စည်းများရောင်းချလျက်ရှိသော စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      အဆိုပါ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အလှကုန် ပစ္စည်းများတွင် သုံးစွဲသူများနားလည်စေရန် မြန်မာဘာသာစကားနှင့် ဖော်ပြထားရှိမှု၊ ကုန်အညွှန်း အမှတ်အသားဖော်ပြထားရှိမှု၊သုံးစွဲရန်အညွှန်းဖော်ပြထားရှိမှု၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး ရက်စွဲတို့ ဖော်ပြထားရှိမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်းကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသော အလှကုန်ပစ္စည်းများသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော အလှကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)