နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား (တတိယအကြိမ်)သက်သာသော စျေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဝန်ထမ်းအငြိမ်းစား (ပင်စင်စား)များအား ပင်စင်လစာထုတ်ယူသည့် နေ့ရက်တွင် သက်သာသော စျေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက် လျှက်ရှိရာ မကွေးမြို့နယ်တွင် တတိယအကြိမ် သက်သာသောစျေးနှုန်းဖြင့် ဆန်/ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား ပင်စင်လစာစတင်ထုတ်ယူသည့် (၂၃.၁၂.၂၀၂၄) ရက်နေ့ မှ လကုန်ရက်အထိ ရုံးပိတ်ရက်မပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          မကွေးမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား) (၂၅၀၀)ဦးခန့်ရှိပြီး ပင်စင်လစာ စတင်ထုတ်ယူသည့် (၂၃.၁၂.၂၀၂၄)ရက်နေ့မှစတင်ပြီး မြန်မာ့စီးပွားရေးဘဏ်၌ပင် အခမဲ့ဆေးကုသပေး ခြင်း၊ ပင်စင်စားတစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ (၁)ပိဿာ ရောင်းချပေးပြီး ပင်စင်စား၏ ဆန္ဒအရ ဆီ (၅၀)ကျပ်သား ဝယ်ယူလိုပါကလည်း အဆင်ပြေစေရန် ဆန်(၃)ပြည်ထုပ်၊ ဆီ (၅၀)ကျပ်သားဘူးများဖြင့် စီစဉ်ဆောင်ရွက်ထားပြီး အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆန်၊ ဆီများ သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးရာသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)