အောင်လံကုန်စည်ဒိုင်၏ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)အတွင်း နှမ်းသီးနှံ ဈေးနှုန်းဈေးကွက်နှင့်အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းသီးနှံများကို အောင်လံ မြို့နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၊ သရက်မြို့နယ်ရှိ ကျေးရွာတို့မှထွက်ရှိသည့် နှမ်း သီးနှံများနေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

နှမ်းနက်(စမုံ)

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၀၆၆၀၀ မှ၂၁၆၆၀၀)၊   (တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၁၀၀၀၀ မှ၂၁၈၃၀၀)ရှိခဲ့၍ ယခင်တစ်ပတ်ထက် (တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၇၀၀မှ ၃၄၀၀)ထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ အရောင်းအဝယ်ပမာဏအနေဖြင့် ဒီဇင်ဘာလ(တတိယပတ်)တွင် တင်းရေ(၃၄၅၀)၊ တန်ချိန် (၈၄.၅)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းနီ

နှမ်းနီသီးနှံမှာ ဒီဇင်ဘာလ(ဒုတိယပတ်)မှ(တတိယပတ်)အထိ (၁)တင်းလျှင် ကျပ် (၁၁၅၀၀၀) ဈေးနှုန်းဖြစ်ပေါ်လျက်ရှိပြီး  ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်အနေဖြင့် ယခု ဒီဇင်ဘာလ(တတိယပတ်)တွင် တင်းရေ(၆၆၀)၊ တန်ချိန်(၁၆.၂)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းဖြူ

နှမ်းဖြူကို သီးနှံအရည်အသွေးအလိုက် ဒီဇင်ဘာလ(ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ် (၁၁၈၃၀၀မှ ၁၂၁၆၀၀)၊ (တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၁၆၅၀၀မှ ၁၂၀၀၀၀) ဈေးနှုန်း ရှိခဲ့၍ ယခင်(ဒုတိယပတ်)ထက် (တတိယပတ်)တွင် ကျပ်(၁၆၀၀မှ ၁၈၀၀) ထိဈေးနှုန်းနိမ့်ကျခဲ့ ကြောင်း သိရသည်။ (တတိယပတ်)တွင် အရောင်းအဝယ်အနေဖြင့် တင်းရေ(၅၄၀)၊  တန်ချိန် (၁၃)တန်ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

အောင်လံကုန်စည်ဒိုင်အနေဖြင့် (တတိယပတ်)အတွင်းတွင် နှမ်းသီးနှံ တင်းရေစုစုပေါင်း (၄၆၅၀)တင်း၊ တန်ချိန်(၁၁၃.၈၉)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်းနှင့် ယခင်(ဒုတိယပတ်)ထက် အရောင်းအဝယ်မြင့်တက်ခဲ့ကြောင်း၊ နှမ်းသီးနှံများကို ရန်ကုန်မန္တလေးမြို့များသို့ တင်ပို့ရောင်းချခြင်း ဖြစ်ပြီး နှမ်းနီနှင့်နှမ်းဖြူအချို့တဝက်အနည်းငယ်ကို အောင်လံမြို့ရှိ ဆီကြိတ်ခွဲ ရောင်းချသည့် လုပ်ငန်းရှင်များနှင့် ပဲကြော်လုပ်ငန်းရှင်များသို့ တင်ပို့ရောင်းချကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)