မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၂၃.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကံမမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများ လစာထုတ်ယူချိန်တွင် Than Thar Trading Co.,Ltd သရက်မြို့ကိုယ်စားလှယ် ပြည့် ဆီအရောင်းဆိုင် မှ စားအုန်းဆီ ပိဿာ(၁၈၅)ပိဿာအားရောင်းချရာတွင် ပင်စင်စား(၁)ဦးလျှင် စားအုန်းဆီ (၅၀) ကျပ်သား ဘူးအပါအဝင် (၁)ဘူးလျှင် ကျပ်(၄၄၀၀)ဈေးနှုန်းဖြင့် စုစုပေါင်း ပင်စင်စား (၃၇၀)ဦးအား သက်ဆိုင်ရာ ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ အဖွဲ့စုံဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)