မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း မြောက်ချောင်းဘက်ရှိ ကျေးရွာ များဖြစ်သော ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပုရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာ စသည့် ကျေးရွာများတွင် ဒါးရမ်း(ခ)ကိုင်းမတ်ပဲများ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် လှိုင်လှိုင်ထွက်ရှိလျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ(တတိယပတ်)တွင် (၃၀)ပိဿာဝင်(၁)အိတ်လျှင် ကျပ်(၉၇၅၀၀မှ ၁၂၀၀၀၀) ဈေးဖြင့် တစ်နေ့လျှင် အိတ်ရေ (၃၀မှ ၅၀)ဝန်းကျင်ခန့် ဝင်ရောက် လျက်ရှိပြီး ယခု ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် (၃၀)ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၁၂၇၅၀၀)ဈေးဖြင့် တစ်နေ့လျှင် အိတ်ရေ (၇၀မှ ၁၀၀)ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တပတ်ထက် ကျပ်(၅၀၀၀) အတက်ဈေးဖြင့် ဝယ်ယူလျက်ရှိပြီး နှစ်ရက်လျှင် တစ်ကြိမ် ပဲခူးတိုင်း၊ ပြည်မြို့သို့ အိတ်ရေ (၁၂၀)ဝန်းကျင်ခန့် တင်ပို့ရောင်းချရပါကြောင်း ရေနံ့သာကျေးရွာရှိ ကုန်သည် တစ်ဦးထံမှ သိရှိရပါ သည်။
DOCA(မကွေး)