
(၂၇.၁၂.၂၀၂၂၄)ရက်နေ့ နံနက်(၁၀း၃၀)နာရီတွင် တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာ ရှိ ထားဝယ်နဂါး ကုမ္ပဏီလီမိတက်၏ ရာဘာမိုင်းခံလုပ်ငန်းအတွက် ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများဆိုင်ရာ လုပ်ငန်း လိုင်စင် လျှောက်ထားမှုအတွက် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ် စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရေးကိစ္စအတွက် ဆွေးနွေးသည့်အစည်းအဝေးအား ကျင်းပခဲ့ရာ အဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါ သည်။
အစည်းအဝေးတွင် ထားဝယ်နဂါးကုမ္ပဏီလီမိတက်ဥက္ကဌမှ ရာဘာမိုင်းခံလုပ်ငန်းတွင် အသုံးပြု ရန် Formic Acid (ရာဘာအစေးရည်ကိုခဲစေရန်) နှင့် အမိုးနီးယားအရည် (ရာဘာစေးရည်ကိုသယ် ယူချိန်တွင်မခဲစေရန်) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအား သိုလှောင်သုံးစွဲနိုင်ရေးအတွက် လိုင်စင် ထုတ် ပေးနိုင်ရေးအား ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားမှုများအား power point ဖြင့် ရှင်းလင်းဆွေး နွေးခဲ့ရာ အဖွဲ့ဝင်အသီးသီးမှလည်း မိမိတို့ဌာနနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်း များကို ရှင်းလင်းပြောကြားခဲ့ကာ လိုင်စင်ထုတ်ပေးနိုင်ရေးအတွက် အထက်ဌာနများသို့ဆက်လက် တင် ပြနိုင်ရေး ဆွေးနွေးတွေ့ဆုံခဲ့ပြီး တွေ့ဆုံအစည်းအဝေးအား နေ့လည်(၁၂း၀၀)နာရီ တွင်ပြီးမြောက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)