၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၇) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်မှ ဖွင့်လှစ်သည့် မြေပြင်စစ်ဆေးမှုလုပ်ငန်းများအတွက် စနစ်အသုံး ပြုမှုနှင့် Mobile Applicatinon အသုံးပြုမှုဆိုင်ရာ သင်တန်း(၁/၂၀၂၄) သို့ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ မှ Zoom Meeting ဖြင့်တက်ရောက် ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာ စကားပြောကြာခြင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်လှစ်ခြင်းနှင့် စပ်လျဥ်း၍ ဖြည့်စွက် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ သင်ခန်းစာများ ပို့ချရာတွင် အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ e-ComReg Mobile App နှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့်ပတ်သက်၍ E-Commerce Registration System စနစ်အသုံးပြုမှု၊ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်မှုများနှင့် စပ် လျဥ်း၍သိကောင်းစရာများ၊ မြေပြင်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိများ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များနှင့် ပတ်သက်သည့် သင်ခန်းစာများအား ပို့ချသင်ကြားပေးခဲ့ရာ သင်တန်းသား/သူများမှ သင်ခန်းစာများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သင်တန်းအား ၁၆း၁၅ နာရီ အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)