ထားဝယ်မြို့ တဂူသိမ်အမှိုက်ပုံတွင် စံမညီဆေးဝါး/ဆေးပစ္စည်းများ၊ သက်တမ်းလွန် ဆေးဝါး၊ အလှကုန်ပစ္စည်းများအား ဖျက်စီးခြင်း အခမ်းအနားသို့ တက်ရောက်

Powered by Drupal

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တဂူသိမ် အမှိုက်ပုံတွင် စံမညီဆေးဝါး/ဆေးပစ္စည်းများ၊ သက်တမ်းလွန်ဆေးဝါးများ၊ သက်တမ်းလွန် အလှကုန် ပစ္စည်းများအား ဖျက်စီးခြင်း အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ နှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်

အဆိုပါ အခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ရှောင်တခင် ကွင်းဆင်းစစ် ဆေးမှုများ ပြုလုပ်ခဲ့စဥ်က သိမ်းဆည်းခဲ့သည့် စံမညီဆေးဝါး/ဆေးပစ္စည်းများ၊ သက်တမ်းလွန် ဆေးဝါး များ၊ သက်တမ်းလွန်အလှကုန်ပစ္စည်းများနှင့် Mediland ဆေးရုံမှ လာရောက်အပ်နှံသော သက်တမ်း လွန်ဆေးဝါးများနှင့် ဆေးပစ္စည်းများအား တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲ ရေးကော်မတီအဖွဲ့ဝင်များမှ မြေမြှပ်ဖျက်စီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)