မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “စားသုံးသူကာကွယ်ရေးဆိုင်ရာ” သင်တန်းပြုလုပ်ခြင်း

Powered by Drupal

         ၂၃.၁၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “စားသုံးသူကာကွယ်ရေးဆိုင်ရာ” သင်တန်းကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၂၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

          ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ရာ မိမိတို့ဝန်ကြီးဌာန၊ မိမိတို့ဦးစီးဌာန၏ Vission၊ Mission၊ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝရန်လို အပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုသင်တန်းတွင် ဆရာများ သင်ကြားပို့ချချက်များကို ဂရုတစိုက် နားထောင်သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက “စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (မွမ်းမံ) အမှတ်စဉ် (၁/၂၀၂၄)” သင်ခန်းစာများအား ပြန်လည်ပို့ချဆွေးနွေးခြင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲ တာဝန်ခံက မွန်ပြည်နယ်၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှုများအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးစာရင်းကောက်ယူမည့် ပုံစံများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲ တာဝန်ခံက “သတင်းအချက်အလက် နည်းပညာအကြောင်း သိကောင်းစရာ” ဘာသာရပ်အား လည်းကောင်း ဆွေးနွေးပို့ချခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)