မိတ္ထီလာ ဈေးကွက်အတွင်းသို့ နိုဝင်ဘာလဆန်းပိုင်းမှစ၍ မလှိုင် ၊ မြင်းခြံ ၊ မြစ်သား ၊ ပခုက္ကူ မြို့များမှ(မိုး)ကြက်သွန်နီ(အသစ်)များနှင့် (အဟောင်း)များ ဝင်ရောက် လျှက်ရှိကြောင်း ၊ မိတ္ထီလာ နယ်တွင် (မိုး)ကြက်သွန်နီစိုက်ပျိုးမှုမရှိဘဲ ၊ (နွေ) ကြက်သွန်နီများကိုဒီဇင်ဘာလဆန်းပိုင်းမှစ၍ စတင် စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရပါ သည်။၊
မိတ္ထီလာ ဈေးကွက်သို့ ဒီဇင်ဘာလ တတိယ ပတ်အတွင်း ကြက်သွန်နီ ဝင်ရောက်မှု အနေ ဖြင့် တရက်လျှင် (အသစ်)(အဟောင်း) ပိဿာချိန် နှစ်သောင်း ၊ သုံးသောင်း ဝင်ရောက်လျှက်ရှိပြီး အရောင်း/အဝယ်ဖြစ်လျှက်ရှိကြောင်း ၊ ပြည်ပတင်ပို့မှု အနေဖြင့် တရုတ် ၊ ဗီယက်နမ်နိုင်ငံများ သို့ မြဝတီ နှင့် မော်လမြိုင်မြို့ဘက်မှတင်ပို့မှုရှိကြောင်း ၊ ပြည်တွင်း ပုံမှန်တင်ပို့မှုအနေဖြင့် ရန်ကုန် ၊ ပဲခူး ၊ တာချီလိတ်မြို့များသို့ အမှာရှိသလောက်တင်ပို့မှုများရှိကြောင်း ၊ ကြက်သွန်နီ ( အဟောင်း) လက် ကျန်အနေဖြင့် ပိဿာချိန် (၁)သိန်းကျော်ခန့် ကျန်ရှိသေးနေကြောင်း ၊ ယခုအပတ် တွင် ကြက်သွန်နီ ဈေးနှုန်းအနေဖြင့် ကြက်သွန်နီ(သစ်)လက်ကား တစ်ပိဿာလျှင်အနိမ့်စ ၁၀၀၀ မှ ရှယ်စ မှာ၃၀၀၀/ ကျပ်ထိရှိ ကြောင်းနှင့်ကြက်သွန်နီ (ဟောင်း) တစ်ပိဿာလျှင် ၂၀၀၀-၂၅၀၀ /ကျပ်ရှိကြောင်း၊ လက်လီ ဈေးနှုန်း အနေဖြင့် ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင်(၁၅၀၀-၃၅၀၀/)ကျပ် နှင့် (အဟောင်း) တစ်ပိဿာလျှင်( ၃၀၀၀-၃၅၀၀/) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ဈေးကွက်မှ စုံစမ်းသိ ရှိရပါသည်။
DOCA(မန္တလေး)