ညောင်ဦးမြို့ အထက(မြို့မ)ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦး မြို့နယ်ရုံးမှ ဦးတင်မျိုးခိုင်(ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၆.၁၂.၂၀၂၄)ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း(မြို့မ)၌ အသိပညာပေးဟောပြောပွဲအား ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး၊ ဒေါ်သူဇာစိုးမှ လွတ်လပ်ရေးနေ့အကြိုဟောပြောအသိပညာပေးရာတွင် လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပုံ၊ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားတတ်စေရန်နှင့် အစဉ်ထာဝရထိန်းသိမ်းကြရန်လိုအပ်ပါကြောင်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးတင်မျိုးခိုင်(ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသား စသည်တို့၏ အဓိပ္ပာယ်များကိုလည်းကောင်း၊ ယခု အခါ အွန်လိုင်းစနစ်ဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ရောင်းချသည့်လုပ်ငန်းများ တွင်တွင် ကျယ်ကျယ် ဆောင်ရွက်လာသည့်အတွက် မှန်ကန်သည့်ရောင်းဝယ်မှု၊ လုပ်ဆောင်မှုများရှိသလို မမှန်မကန် လိမ်လည်လှည့်ဖျား၍ မဟုတ်မမှန်လုပ်ကိုင်ဆောင်ရွက်မှုများလည်းရှိသည့်အတွက် စားသုံးသူ မိဘပြည်သူများ ၊ ကျောင်းသား/ကျောင်းသူများထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ် စေရန် အွန်လိုင်း ရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်နိုင် သည့်ပုံစံများ၊ စိစစ်သင့်သည့်အချက်များ၊ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်း ချမှုလုပ်ငန်းများမှ ရွေးချယ်ဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များစသည်တို့ကိုလည်းကောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာ ဆုံးရှုံးမှုများရှိလာလျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း အသိပညာပေးကာ ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းမှုများကိုလည်း ပြန်လည်ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)