ဒီဇင်ဘာလစတုတ္ထပတ်အတွင်း မန္တလေးစျေးကွက်သို့ ဇီးသီးအမျိုးမျိုးဝင်ရောက်မှုများပြား ကြောင်း တွေ့ရှိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ ပုသိမ်ကြီးမြို့နယ်၊အမရပူရမြို့နယ်၊ စဉ့်ကိုင် မြို့နယ်နှင့်ကျောက်ဆည်မြို့နယ်တို့မှ စိုက်ပျိုးထွက်ရှိသည့်ဇီးသီးများ ဝင်ရောက်မှုပိုမိုများပြီး၊အခြား ဒေသများမှလည်းဝင်ရောက်ကြောင်း တွေ့ရှိရပါတယ်။မန္တလေးစျေးကွက်အတွင်းဇီးသီးများလက်လီ၊ လက္ကားရောင်းချလျက်ရှိပြီး၊ ဂျပ်ဖာများ၊နှီးချင်းတောင်းများ၊အိတ်များဖြင့် ဝင်ရောက်လျက်ရှိပါတယ်။ ဇီးသီးများအား အမျိုးအစားအပေါ်မူတည်၍ အရွယ်အစားအလိုက်၊ အလုံးအရေအတွက်ဖြင့် လည်း ကောင်း၊အလေးချိန်(ပြည်ချိန်)တို့ဖြင့်လည်းကောင်းရောင်းချလျက်ရှိပါတယ်။မန္တလေးတိုင်းဒေသကြီး အတွင်း ဒေသမျိုးဇီးသီး(ဇီးပဲလှော်) နှင့် ထိုင်ဝမ်ဇီးသီး ကိုင်းကူးမျိုးများ စိုက်ပျိုးမှုများလျက်ရှိပြီး စတင်ခူးဆွတ်သည့်နိုဝင်ဘာလမှ စ၍ (၃)လအထိ ဇီးသီးခူးဆွတ်နိုင်မှုများကြောင်း သိရပါတယ်။ မန္တလေးဇီးသီးစျေးကွက်သို့ နိုဝင်ဘာလမှ စတင်ဝင်ရောက်လာပြီး၊ဒီဇင်ဘာလတွင် ဝင်ရောက်မှုများ သည့်အတွက် ဇီးသီးစျေးအနည်းငယ် ကျဆင်းသွားကြောင်း သိရပါတယ်။ ဇီးသီးစျေးကွက်အနေဖြင့် အမျိုးအစားနှင့်အရွယ်အစားအလိုက် စျေးနှုန်းများကွာခြားမှုရှိပါတယ်။မန္တလေးဇီးသီးစျေးကွက်တွင် ဒီဇင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော စျေးများမှာ ထိုင်ဝမ်ဇီးသီး(ခေါ်) ဇီးကြက်ဥ အရွယ်အစားအလိုက် လက္ကားစျေး တစ်ဖာလျှင် ၂၂၀၀ဝိ/- နှင့် ၂၅၀၀ဝိ/- ၊အလုံးအရွယ်အစား အပေါ် မူတည်၍ လက်လီစျေးအနေဖြင့် (၁၀)လုံးလျင် ၂၅၀ဝိ/-နှင့်၆၀၀ဝိ/- စျေး၊ ထိုင်ဝမ်ဇီးသီးအလုံးသေး (ပုလဲဖြူ) တစ်ပြည်လျင် လက်လီစျေး ၂၀၀ဝိ/- နှင့် ၃၀၀ဝိ/- စျေး၊ ဒေသမျိုးအလုံးသေး ဇီးပဲလှော် တစ်ပြည်လျင်လက်လီစျေး ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/- တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်း သည့်ဆိုင်ရှင်တစ်ဦး ၏ပြောပြချက်အရ သိရှိရပါတယ်။
DOCA(မန္တလေး)