ဂွေးပင်သည်မြန်မာနိုင်ငံတွင်အမြင့်ပေ ၃၀၀၀အထိ အနှံ့အပြားတွေ့မြင် နိုင်သောအရွယ်အလတ်စားမျိုးသစ်ပင်ဖြစ်သည်။ ဂွေပင်များကို အထက်နှင့်အောက် မြန်မာနိုင်ငံရှိ ဥယျာဥ်များတွင်းလည်ကောင်း ၊ လမ်းဘေးတစ်လျှောက်တွင်လည် ကောင်း တစ်ခါတစ်ရံ တွေ့မြင်နိုင်သော်လည်ကောင်း ယင်းတို့သည် အထူးတ လည် စိုက်ပျိုးကြရသော အပင်များဟုမဆိုနိုင်ချေ။ အစေ့ကိုစိုက်၍ အပင်သစ်မျိုးပွားရ အောင်ပြုလုပ်ယူနိုင်သည်။ အစေ့ကိုပျိုး၍ရသည့် တစ်နှစ်သားအရွယ်ရှိအပင်ငယ်တွင် အကိုင်းဆက်ခြင်းဖြင့်လည်း အပင်သစ်ပွားအောင် လုပ်ယူနိုင်ပေသေး သည်။
အပင်၏အခေါက်သည် ချောမွတ်၍ ယင်း၌ မွှေးကြိုင်သောရနံ့ရှိသည်။ အပင်၏အမြင့်သည် ပေ၇၀ အထိရှိနိုင်၍ ပင်စည်လုံးပတ်မှာ ခုနှစ်ပေမျှအထိရှိသည်။ ဂွေးချိုပင်သည် သာမာန်ဂွေးပင်နှင့် ခပ်ဆင်ဆင်တူ သော်လည်း အရွက်သေးအရွက် ငယ်တို့သည် အလျားပို၍ရှည်သည့် အပြင် အရွက်နားတို့တွင်လည်း ခွေးသွားစိပ် များပါရှိလေသည်။ အသီး၌ချိုသောအရသာရှိသည်။ မြန်မာနိုင်ငံ၌ကျန်ပဒေသာ များနှင့် စီးယိုများကိုသရေစာအဖြစ်နှင့်ရောင်းချကြသည်နှင့်အတူ ဂွေးချိုသီးကိုအခွံ သင်၍ဆားနှင့်ငရုတ်သီးမှုန့်ရောရာကို သုတ်လူးပြီးလျှင် ရုံရှင်ရုံ၊ မော်တော်ကားဆိပ် စသောလူစည်ကားသည့် နေရာများ၌အနှံ့အပြား လှည့်လည်ရောင်းချလျက်ရှိ သည်ကို တွေ့မြင်နိုင်ပေသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ဂွေးသီးပျိုးပင်တစ်ပင်လျှင် (၁၅၀၀၀)ကျပ် နှင့်အလုံး၃၀ပါ တစ်ထုတ်လျှင်(၅၀၀)ကျပ် ဖြင့်ရောင်းချလျှက်ရှိ ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)