မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ် လျက်ရှိရာ ပြည်တွင်းစားသုံးမှုမြင့်မားလျက်ရှိသော ကုလားပဲသီးနှံလည်း နေ့စဉ်ဈေးကွက်သို့ ဝင်ရောက် ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူဈေးကွက်သို့ ကုလားပဲသီးနှံစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ရေစကြိုမြို့နယ်တွင်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ယခုကုလားပဲစိုက်ပျိုးချိန်ရာသီဖြစ်၍ သီးနှံအဟောင်း များသာ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
သီးနှံဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ကုလားပဲ(V2) တစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ ကုလားပဲ(HL)တစ်တင်းလျှင် ကျပ်(၁၀၁၀၀၀)၊ ကုလားပဲ(V6)တစ်တင်းလျှင် ကျပ် (၉၂၅၀၀)၊ ကုလားပဲ(929)တစ်တင်းလျှင် ကျပ်(၉၅၀၀၀)၊ ယခင်နိုဝင်ဘာ(စတုတ္ထပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ကုလားပဲဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ထုတ်လုပ် လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်) ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှု များကြောင်း၊ ယခုအချိန်ပခုက္ကူပဲဈေးကွက်တွင် ပဲလက်ကျန်နည်းကြောင်း၊ လာမည့်ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကုလားပဲသီးနှံများ လှိုင်လှိုင်ရိတ်သိမ်းမည်ဖြစ်၍ ဈေးကွက်သို့ ကုလားပဲအသစ်များ ဝင်ရောက်မည်ဖြစ်ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း ကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)