စားသုံးသူဘေးကင်းလုံခြုံရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးပေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု တားမြစ်ထားသောကုန်စည်များ ရောင်းချမှု ရှိ/မရှိ တို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ပူးပေါင်း၍ မင်းဘူးမြို့ စည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော ဘူးသွပ်စားသုံးဆီ များတွင် FDA ထောက်ခံချက်ပါဝင်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာ စွယ်တော်ဆိုင်တွင် ရောင်းချသော ပဲဆီ၊ နှမ်းဆီဘူးများတွင် FDA ထောက်ခံချက်ပါရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မကွေး)