ဆိပ်ဖြူမြို့ပေါ်ရှိ “ရတနာမိုး” ပဲပူးကြော် နှင့် “ကိုနှင်းလွင်” ရှယ်ပဲပွကြော် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်    (၂၃. ၁၂. ၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်ရှိ “ရတနာမိုး” ရှယ် ပဲပူးကြော်လုပ်ငန်းနှင့် နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အလယ်ပိုင်းရပ်ကွက်ရှိ ကိုနှင်းလွင် ရှယ်ပဲကြော် လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ပဲကြော်အမျိုးမျိုး ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မိမိ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ် ကြရန်၊ ထုတ်လုပ်ရာတွင်လည်း အစားအစာများကို ကြော်လှော်သည့်လူများမှလည်း တကိုယ်ရည် သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်နေရာ ပတ်ဝန်းကျင် တွင်လည်း သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်ကြောင်းနှင့် ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူက တစ်စုံတစ်ခု ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေး အရေးယူမှုများ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ ပဲကြော်လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ် အသားနှင့် ပြည့်စုံပြီး သတ်မှတ်ထားသော အလေးချိန်ပမာဏ ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်နှင့်အလုပ်သမားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မကွေး)