ပခုက္ကူမြို့၏ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ဘိလပ်မြေ ဈေးနှုန်းများမှာ ပစ္စည်းအနည်း ငယ်ပြတ်လတ်မှု၊ အဆင့်ဆင့်သယ်ယူရမှုတို့ကြောင့် ဈေးတက်လာသည်ကို တွေ့ရှိရပါသည်။ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀)၊ အယ်လ်ဖာ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀)၊ အပါချီဘိလပ်မြေ တစ်အိတ်လျှင် ကျပ် (၁၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ နိုဝင်ဘာလ(စတုတ္ထပတ်) ဈေးနှုန်းအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ ယခုလက်ရှိဈေးနှုန်းများမှာ  အာမိုယူရီး ယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဩဘာယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ရွှေနဂါးယူရီးယား တစ်အိတ်လျှင် ကျပ်(၁၃၃၀၀၀)၊ တရုတ်တီစူပါ သံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ  တစ်အိတ်လျှင် ကျပ်(၁၀၁၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၆၂၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

          ယခု ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေးဈေးနှုန်းများမှာ နိုဝင်ဘာလ (စတုတ္ထပတ်)ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို  တွေ့ရှိရပါသည်။  အာမိုမက်နီ ဖော့(500)cc တစ်ဘူးလျှင် ကျပ်(၆၅၀၀၀)၊ အာမိုမက်နီဖော့ (၁)လီတာတစ်ဘူးလျှင် ကျပ်(၁၀၅၀၀)၊ အာမို စတား(၁)လီတာ တစ်ဘူးလျှင် ကျပ်(၆၇၀၀၀)၊ အာမိုအီမာ(၂၅၀)cc တစ်ဘူးလျှင် ကျပ်(၁၈၀၀၀)၊ (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ (၁)လီတာ တစ်ဘူးလျှင် ကျပ်(၅၃၀၀၀)၊ ဂျက်ကက် မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၄၀၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၂၆၀၀၀)၊ ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၆၂၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၄၅၀၀၀)၊ (250)cc တစ်ဘူးလျှင် ကျပ်(၂၅၀၀၀)၊ မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၇၀၀၀)၊(၅၀၀)cc တစ်ဘူးလျှင်  ကျပ်(၆၈၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခု ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် နိုဝင်ဘာလ(စတုတ္ထပတ်)ဈေးအတိုင်း အနည်းငယ်သာ ကျပြီး ဈေးငြိမ်နေသည်ကို တွေ့ရှိရပြီး  အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)