ထောပတ်ပဲစိမ်းစျေးအနည်းငယ်ကျ

Powered by Drupal

          မန္တလေးစျေးကွက်အတွင်းသို့  ထောပတ်ပဲစိမ်းများ    ဝင်ရောက်မှုများသည့်အတွက်  စျေး အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့  ပြင်ဦးလွင်ခရိုင်၊ မိတ္ထီလာခရိုင်၊ရမည်းသင်းခရိုင်နှင့် မြင်းခြံခရိုင်တို့မှ စိုက်ပျိုးထွက်ရှိသည့် ထောပတ်ပဲစိမ်းများအပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ  ထွက်ရှိသည့်ထောပတ်ပဲစိမ်းများ  လည်းဝင် ရောက်ကြောင်း တွေ့ရှိရပါတယ်။ မန္တလေးမြို့၊ ၄၁ လမ်း၊ ဝေယံထွန်းစျေး၊ ကုန်စိမ်းလက္ကား ရောင်းချ သည့်စျေးတွင်  ထောပတ်ပဲစိမ်းများအား နို့ဆီဗူးဖြင့် ချိန်တွယ်ရောင်းချလျက်ရှိပါတယ်။ လက္ကားစျေး အနေဖြင့် ဒီဇင်ဘာလပထမပတ်အတွင်း ထောပတ်ပဲစိမ်းတစ်ထုတ်(နို့ဆီဗူး ၁၁ ဗူးပါ) လျှင် ၇၀၀ဝိ/- နှင့် ၈၀၀ဝိ/-စျေး၊ လက်လီစျေးတစ်ဗူးလျှင် ၁၂၀ဝိ/- နှင့် ၁၃၀ဝိ/- ဖြစ်ပေါ်ခဲ့ပြီး၊ဇန်နဝါရီလပထမပတ် တွင် လက္ကားစျေး တစ်ထုတ်လျှင် ၆၀၀ဝိ/- နှင့် ၇၀၀ဝိ/- စေျး၊   လက်လီစျေး တစ်ဗူးလျှင် ၁၀၀ဝိ နှင့် ၁၁၀ဝိ/- စျေးဖြင့်ရောင်းချလျက်ရှိပါတယ်။ဇန်နဝါရီလပထမပတ်အတွင်းထောပတ်ပဲစိမ်း ဝင်ရောက် မှု များပြားသည့်အတွက်  စျေးအနည်းငယ်ကျဆင်းသွားကြောင်း   ထောပတ်ပဲရောင်းချသူတစ်ဦးထံ မှ သိရှိရပါတယ်။ ထောပတ်ပဲအမျိုးအစားမှာ    ပြည်တွင်းစားသုံးမှုသာမက    ပြည်ပသို့တင်ပို့သည့် စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။   မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်းတွင်  ဇန်နဝါရီလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ   တစ်တန်လျှင်ထောပတ်ပဲ ကြီး (သစ်)    ၄၁၃၇၀၃၅ ကျပ်  နှင့်   ၄၂၄၅၉၀၄ကျပ်၊   ထောပတ်ပဲ(လတ်)  ၃၈၁၀၄၂၇ ကျပ်  နှင့် ၄၀၂၈၁၆၅ ကျပ်၊ ထောပတ်ပဲ(သေး) ၃၂၆၆၀၈၀ ကျပ်စျေး၊တစ်ပိဿာပေါက်စျေးများမှာထောပတ်ပဲ (ကြီး)(သစ်) ၆၇၅၆ ကျပ်နှင့် ၆၉၃၃ ကျပ်၊ထောပတ်ပဲ(လတ်) ၆၂၂၂ကျပ်နှင့်၆၅၇၈ကျပ်၊ ထောပတ်ပဲ (သေး) ၅၃၃၃ ကျပ် အသီးသီးဖြစ်ပေါ်လျက်ရှိပြီး၊ ရက်အလိုက်ထောပတ်ပဲပေါက်စျေး  အနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရှိရပါတယ်။

DOCA(မန္တလေး)