အဝင်များသည့်ပန်းဂေါ်ဖီစိမ်း

Powered by Drupal

            မန္တလေးစျေးကွက်အတွင်းသို့ ဆောင်းရာသီစာ ကုန်စိမ်းသီးနှံမျိုးစုံ အများအပြား ဝင်ရောက် လာကြောင်း တွေ့ရှိရပါတယ်။ ဇန်နဝါရီလပထမပတ်တွင် မန္တလေးစျေးကွက်အတွင်း ကုန်စိမ်း မျိုးစုံသို့ အဝင်များသကဲ့သို့ ကုန်စိမ်းသီးနှံစျေးနှုန်းများ ကျဆင်းလျက်ရှိရာ ပန်းဂေါ်ဖီစိမ်းစျေးမှာ   ဒီဇင်ဘာလစျေးနှိုင်းယှဉ်ပါက  စျေးကွာခြားမှုရှိကြောင်း သိရှိရပါတယ်။ မန္တလေးဒေသပတ်ဝန်းကျင် ဖြစ်သည့်အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်ဒေသများနှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသ များမှ ထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်မှုများ ကြောင်း တွေ့ရှိရပါတယ်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီ ပွင့်စိမ်းမှာ အရောင်း သွက်သည့်ကုန်စိမ်းအမယ်များဖြစ်ပြီး၊ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှု ပိုသည့်အတွက် စျေးပိုရကြောင်း သိရှိရပါတယ်။ ပန်းဂေါ်ဖီစိမ်းသည် ကယ်လ်လိုရီနည်းသည့် ဟင်းသီးဟင်းရွက် အမယ်တစ်မျိုး ဖြစ်ပြီး၊ အမျှင်ဓါတ်၊သတ္တုဓါတ်နှင့်ဗီတာမင်များနှင့် Antioxidants များကြွယ်ဝခြင်း တို့ကြောင့် ကျန်းမာရေးအတွက်အကျိုးပြုသောဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ပန်းဂေါ်ဖီပွင့်စိမ်းမှာ မန္တလေးကုန်စိမ်း စျေးကွက်အတွင်း ဒီဇင်ဘာလတွင် လက္ကားစျေး တစ်ခုလျှင် ၁၈၀ဝိ/-နှင့် ၂၀၀ဝိ/-စျေး၊လက်လီစျေးတစ်ခုလျှင် ၂၀၀ဝိ/-နှင့် ၂၂၀ဝိ/-စျေးတို့ဖြင့် ရောင်းချခဲ့ပြီး၊ ဇန်နဝါရီလ ပထမပတ် အတွင်း ပန်း‌ဂေါ်ဖီပွင့်စိမ်းလက္ကားစျေးမှာ တစ်ခုလျှင်  ၁၀၀ဝိ/-နှင့် ၁၂၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိရာ ဝင်ရောက်မှုများသည့်အတွက် ‌စျေးအနည်း ငယ် ကျသွားကြောင်း သိရှိရပါတယ်။ပန်းပွင့်စိမ်းများမှာ အရွယ်အစားအလိုက်စျေးအနည်းငယ် ကွာခြားမှုများရှိပြီး၊အရောင်းသွက်လျှက်ရှိသည့်ဟင်းသီးဟင်းရွက်အမယ်တစ်မျိုးဖြစ်ကြောင်း  သိရှိရ ပါတယ်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီဖြူနှင့် ပန်း ဂေါ်ဖီစိမ်း ကားဝင်ရောက်မှုမှာ တစ်ရက်လျှင် Center () ဘီးကား (၈)စီးနှင့် (၁၀)စီး အကြားဝင် ရောက် လျက်ရှိကြောင်း သိရှိရပါတယ်။

DOCA(မန္တလေး)