အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ဆောင်ရွက်

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဌာနမှ ပြဌာန်းထုတ်ပြန်ထားသော ဥပဒေများ၊ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အများပြည်သူသိရှိနားလည်၍ လိုက်နာစေရန်၊ မိမိတို့ရရှိမည့်အခွင့် အရေးများတောင်းဆိုတတ်စေရန်၊ နစ်နာဆုံးရှုံးမှုများအား အရေးဆိုနိုင်စေရန်နှင့် ဆောင်ရန်/ရှောင် ရန်များအား နည်းလမ်းများစွာဖြင့် စဉ်ဆက်မပြတ် အသိပညာပေးလျက်ရှိရာ (၆.၁.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၃၀ နာရီအချိန်တွင် မြင်းခြံမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ Community Center ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းရှင် များနှင့်စားသုံးသူပြည်သူများ သိရှိလိုက်နာစေရေး အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး မှ စားသုံးသူဆိုသည်မှာ-ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှု ပြုရန် သို့မဟုတ် အသက်မွှေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော် လည်း ကောင်း၊ အခြားသူ အတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုပါ ကြောင်းနှင့် အွန်လိုင်းဝန် ဆောင်မှုနှင့် ပတ်သက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆိုသည်မှာ ကုန်စည်ကို ဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်း ကို ဆိုလိုတာဖြစ်ပါကြောင်း၊ စားသုံးသူ အခွင့်အရေးများနှင့် တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း ဖြင့် အားသာချက်၊ အားနည်းချက်များ၊ လိမ်လည် မှုပုံစံများ၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်အလက်များ ၊ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံ တင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ် ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ် များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ ဝန်ဆောင်မှု များကို ဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများနှင့် တိုင်ကြားမှုများအား လိုအပ်သည့်စိစစ်ဆောင်ရွက် မှုများပြုလုပ်၍ နစ်နာဆုံးရှုံးမှုများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်ခြင်း ဆောင်ရွက်ပေးပါကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည                                                                   

DOCA(မန္တလေး)