ဇလွန်မြို့၏ ထိုင်းကျောက်စိမ်းပန်း စိုက်ပျိုး‌ရောင်းဝယ်မှု

Powered by Drupal

             ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ထိုင်းကျောက်စိမ်းပန်းကို ရာသီချိန်ဘုရားပန်းအဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးသူဦးထွန်းထွန်းနိုင်နှင့် တွေ့ဆုံမေးမြန်းရာတွင် ထိုင်းကျောက်စိမ်းစိုက်ပျိုးရာတွင် ပန်းမျိုးကို တောင်ကြီးမြို့မှ မျိုးတစ်ပင်လျှင် ၂၅/-ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း သိရှိရပါသည်။ ထိုကျောက်စိမ်းပန်းစိုက်ပျိုးရာတွင် ပျိုးပင်များကို ၁၅ ရက်ကြာ ပြန်လည်ပြုစုရပြီး၊ အပင်သန် ကြီးထွားမှုပေါ် မူတည်၍ တစ်ပင်နှင့် တစ်ပင်ကြား (၆ လက်မ)ခြားကာ စိုက်ပျိုးကြရပါသည်။ စိုက်ပျိုးပြီး တစ်လခွဲခန့်အကြာတွင် အညွှန့်များဖြတ်ပြီးနောက် မီးအလင်းရောင် (၁)လ ထွန်းကာ ပန်းပင်များ ကြီးထွားစေရေး၊ အပွင့်လှပရေးနှင့် ပိုးမွှားများ ကျရောက်မှုမရှိစေရေး ပြုစုထိန်းသိမ်းရပါသည်။  ကုန်ကျစရိတ်အနေဖြင့် အပင်ရေ ၄၀၀၀ လျှင် ၅၅၀၀၀၀/- ကျပ် ကုန်ကျ ကြောင်းသိရှိရပါသည်။ စိုက်ပျိုးပြီး အပင်သက်တမ်း(၄)လအကြာတွင် အပွင့်များပွင့်ကာ  တစ်စီးလျှင် ၁၃၀၀/- ကျပ်ဖြင့် ရောင်းချရပြီး ဒေသတွင်းနှင့် အခြားမြို့နယ်များမှ ခြံတိုက်ရိုက်လက္ကားဝယ်ယူကြောင်း၊ ယခုအခါ ပန်းပွင့်ချိန်ကာလဖြစ်သည့်အတွက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း စိုက်ပျိုးသူထံမှသိရှိရပါသည်။    

DOCA (ဧရာဝတီ)