မအူပင် စစ်ကိုင်းကျေးရွာတွင် နှစ်စဉ် ဗူးသီးစိုက်ပျိုး၍ ဈေးကောင်းရရှိ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဗူးပင်စိုက်ပျိုး၍ ဗူးသီးထွက်ရှိနေပြီး ရန်ကုန်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။  စစ်ကိုင်းကျေးရွာတွင် ဟင်းသီးဟင်းရွက်သီးနှံစုံကို ဆောင်း၊ နွေရာသီတို့တွင် စိုက်ပျိုးတောင်သူများပေါများကြောင်း သိရသည်။

            စိုက်ပျိုးမှုအနေဖြင့် ဗမာမျိုးဗူးကိုသာစိုက်ပျိုးပြီး ယခင်က ဗူးမျိုးစေ့ ၁၀စေ့ပါ တစ်ထုတ်ကို ၈၀၀၀ကျပ် ဝယ်ယူပြီးစိုက်ပျိုးကြောင်း၊ နှစ်စဉ်စိုက်ပျိုးလာ၍ ဗူးပင်မှ မျိုးစေ့ခံ၍ နှစ်စဉ် ဗူးမျိုးစေ့ပါရောင်းချနေပြီး ဗူးစေ့ ၁စေ့ကို ၂၀၀-၃၀၀ ကျပ်ထိဈေးရရှိသည်။  စိုက်ပျိုးရာတွင် စင်တင်စိုက်ပျိုးခြင်းနည်းဖြင့်သာ စိုက်ပျိုးကြသည်။ မြေချစင်မဲ့စိုက်ပျိုးခြင်းလဲရှိကြောင်း၊ စင်ထိုးစိုက်ပျိုးပါက ဝါးစင်သည် ၂နှစ်အတွင်း ပြန်လည်အသုံးပြု၍ ရရှိကြောင်းသိရသည်၊ ဗူးသက်တမ်းမှာ စက်တင်ဘာလတွင် စိုက်ပျိုးပါက မတ်လအထိထွက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် ၁၀လန် ၂ခွက်တွင် အပင်ရေ ၈၀-၁၀၀ခန့် စိုက်ပျိုးပြီး  ၂လခွဲ အကြာတွင် အသီး စတင်ခူးရကြောင်း ဗူး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ဝါး ဖိုး အပါအဝင် ငွေကျပ် ၆၀၀၀၀၀ခန့် ကုန်ကျကြောင်း၊ ၁လကို ၁၂ရက်ခူးရပြီး ၁ကြိမ်ခူးလျှင် ၂၀လုံးခန့်ထွက်ရှိသည်။ ၅လအကြာအထိ အသီးလှိုင်လှိုင်ထွက်ရှိသောကြောင့်  ဗူးသီးထွက်ရှိမှု  အလုံး ၈၀၀ မှ ၁၀၀၀ ထိ ထွက်ရှိကြောင်းသိရသည်။

            ယခု ဗူးသီးဈေးနှုန်းအနေဖြင့် အလုံးကြီး(၁)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် လက်ကားဈေးရောင်းချရပြီး  ရန်ကုန်တင်ပို့မည်ဆိုပါက ဗူးသီးတစ်လုံး ၁၅၀၀ ကျပ်ဖြင့် တင်ပို့ရောင်းချရသည်။   ၁၀လန် ၂ခွက် အကျိုးအမြတ်အနေဖြင့် ယခုနှစ်တွင် ငွေကျပ် ၂ ၀၀၀ ၀၀၀ ထိရရှိ၍ ၁ ၄၀၀ ၀၀၀ ကျပ် အကျိုးအမြတ်ရရှိ၍ ဗူးပင်စိုက်သူများ စီးပွာဖြစ်အဆင်ပြေလျက်ရှိကြောင်း၊   ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး မအူပင်၊ ကျိတ်လတ်၊ မော်ကျွန်း၊ ဖျာပုံ၊ ပန်းတနော် မြို့များသို့လဲ တင်ပို့ရောင်းချရပြီး ဗူးပင်အကျိုးအမြတ်ရရှိ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)