၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဈေးကွက်အတွင် ဆောင်ရာသီပေါ် ဟင်းသီးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက် ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်ကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ကင်ပွန်းချဉ်ရွက်ကို (ပတက်စာ) နဲ့ချည်ရည် ဟင်းချိုကျဲကျဲ အရည်သောက်ပဲချက်ချက်၊ ငါးလေးနဲ့ပဲချက်ချက်၊ ပုစွန်စိတ်ကလေးနဲ့ပဲကြော်စားစား ထမင်းမိန်ကာစားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်း အထောက်အကူပြု ပေးနိုင်ပါသည်။ ကင်ပွန်းချဉ်ရွက်ကို အစည်းလိုက်ရောင်းချကြရာ ကင်ပွန်ချဉ်ရွက် အစည်းသေး တစ်စည်း (၁၀၀၀)ကျပ်၊ နှင့် အစည်းကြီးတစ်စည်း (၄၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်း ပြောင်းလဲမှုမရှိပဲ ဈေးနှုန်းတည်ငြိမ် နေကြောင်းသိရှိရပါသည်။
DOCA(ကရင်)