စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် ကြက်သွန်နီ (ဆောင်း)သီးနှံကို မိမိတို့နေအိမ်ခြံဝင်များအတွင်းနှင့် တောင်ယာများအတွင်းတွင် တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးလျက်ရှိကြပါသည်။ ကြက်သွန်နီ(ဆောင်း)ပျိုးပင်ကို စိုက်ပျိုးရာတွင် နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။
ယခင်နှစ်များတွင် ကြက်သွန်မျိုးစေ့ကို လဖက်ရည်သောက်ပန်ကန်၊ နို့ဆီဘူးချင့်ခွက်တို့ဖြင့် ဝယ်ယူပြီး ကိုပျိုးထောင်၍ စိုက်ပျိုးထားပါသည်။ ယခုနှစ်တွင် မိုအားကောင်း မိုးမပြတ်နိုင်သည့်အတွက် အစေ့ပျိုးမရနိုင်သည့်အတွက် ပျိုးပင်များကို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ပျိုးပင် လက်တစ်ထောင် ပတ်လည် တစ်ကွက်လျှင်(၁၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူစိုက်ပျိုးထားပါသည်။ သွင်းအားစုအနေဖြင် ပုလဲမြေဆီနှင့် (၁၅)ပတ်လည် အနည်းငယ်သာသုံးပြီး စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီဈေးကောင်းလျှင် အကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း တောင်သူ ထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)