
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး မြို့နယ်ဦးစီးမှူးနှင့် ဦးခိုင်လွမ်းမိုးတို့သည် ၆.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ကျောင်းစု၊ကျောင်းစုကျေးရွာအုပ်စု၊ကျောင်းစုကျေးရွာ ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ သူများ အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုး က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ အကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုပုံစံများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသိပညာများကို သိရှိနိုင်ရန် ဥပမာပေး Vedio Shopများဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူ(၁၈၀)ဦး ဆရာ/မ(၇) ဦးစုစုပေါင်း (၁၈၇)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA (ဧရာဝတီ)