ဟင်္သာတမြို့ အ.ထ.က နတ်မော်ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည် ဇန်နဝါရီလ(၇)ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ နတ်မော်တိုက်နယ်ရှိ အခြေခံပညာအထက် တန်း(နတ်မော်)ကျောင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင် ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များ ရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက် အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံ မှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်စသည် တို့ကိုအသိပညာပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)