ဟင်္သာတတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများဟောပြောပွဲ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်၊ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၇.၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် ဟင်္သာတမြို့၊ တက္ကသိုလ်လမ်းမကြီး၊ ရွာသာကုန်းရပ်ကွက်ရှိ ဟင်္သာတတက္ကသိုလ်ဝန်းအတွင်း ပင်မလေးထပ်ဆောင်၌ တက္ကသိုလ်ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူ (၃၀၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဟောပြောပွဲတွင် ပထမဦးစွာ ဟင်္သာတတက္ကသိုလ် ဒု-ပါမောက္ခချုပ်မှ အဖွင့်အမှာ စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင် က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့်ပြဌာန်းခဲ့ကြောင်း၊  မတ်လ(၁၅)ရက်နေ့သည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာ စိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက် နှင့် ကုန်စည်တွေ ပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့ သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ စီးပွားရေး လုပ်ငန်း၏တာဝန်များအကြောင်း စသည်တို့ကို  ရှင်း လင်း ဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍  AI ၏အသုံးဝင်ပုံ၊ ကောင်းကျိုး/ ဆိုးကျိုးများ အကြောင်း၊  Online ရောင်းဝယ်မှုနှင့်ပတ်သတ်၍ စားသုံးသူများ သိထားသင့်သည့် အချက်အလက် များ၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း  အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။  စားသုံးသူကာကွယ်ရေး လက်ကမ်းဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး နေလည် (၁၂:၀၀)နာရီ အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)