စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်(မုံလာထုတ်)ကို စိုက်ပျိုးကာ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။ ကန့်ဘလူမြို့၊ မြို့မဈေးတွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ဂေါ်ဖီထုတ်(မုံလာထုတ်)များကို ယခင်လများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင်းကာလဖြစ်သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ လဆန်းပိုင်းတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ဂေါ်ဖီထုတ် (မုံလာထုတ်)များကိုသာ ဝယ်ယူရောင်း ချလျက်ရှိပြီး ဂေါ်ဖီထုတ်(မုံလာထုတ်)များကို အထုတ်ကြီး/ အသေး သောင်းပြောင်းဝယ်ယူကာ ဖောက်သည်ဈေးနှန်းအနေဖြင့် ဂေါ်ဖီထုတ်(မုံလာထုတ်) တစ်ထုတ်လျှင် (၁၅၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူမျာကို ပြန်လည် ရောင်းချသည့် ဈေးနှုန်းမှာ ဇန်နဝါရီလ ပထမပတ်တွင် ဂေါ်ဖီထုတ်(မုံလာထုတ်) အကြီး/အသေးပေါ်မူတည်၍ တစ်ထုတ် လျှင်(၂၀၀၀/၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းရှိခဲ့ပြီး ယခု ဇန်နဝါရီလ ဒုတိယပတ် တွင်လည်း ဂေါ်ဖီထုတ် (မုံလာထုတ်) အကြီး/ အသေး ပေါ်မူတည်၍ တစ်ထုတ်လျှင်(၂၀၀၀/၂၅၀၀)ကျပ် ဈေးနှုန်းများ အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရှိပြီး ယခင် ဇန်နဝါရီလပထမအပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)