လိမ္မော်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

          လိမ္မော်သီးကို ကျန်းမာရေးအတွက်လည်း စားသုံးနိုင်သလို သရေစာအဖြစ်လည်း စားသုံးကြ ကြောင်း၊ လိမ္မော်သီးကို စားသုံးခြင်းဖြင့် ကိုလတ်ထရောကိုကျစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အမြင် အာရုံကို ကျန်းမာစေခြင်း၊ အမြင်အာရုံကို ကောင်းမွန်စေနိုင်ခြင်း၊ အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း၊ အစာခြေစနစ်ကို ကူညီပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် ရောင်းချနေသော လိမ္မော်သီးအမျိုးအစားများမှာ ပျားလိမ္မော်၊ ရိုးရိုးလိမ္မော်နှင့် သကြားလိမ္မော်ဟူ၍ သုံးမျိုးရှိပြီး ရိုးရိုးလိမော်သီးအကြီး (၁) လုံးလျှင် (၁၅၀၀) ကျပ်၊ ရိုးရိုးလိမ္မော်သီး အသေး (၁) လုံးလျှင် (၁၂၀၀) ကျပ်၊ ပျားလိမ္မော် (၅၀) ကျပ်သားလျှင် (၁၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန်ကြီးထောင့်မြို့တွင် ရောင်းချလျက်ရှိ သော သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)