ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲမျိုးစုံ စိုက်ဧက(၁၆၈၁၈၇)ဧက စိုက်ပျိုးခဲ့ပြီး၊ ထိုဧကများထဲမှ ဈေးကွက်ဝင် “ပဲပုတ်”သီးနှံကို (၉၇၂၅)ဧက စိုက်ပျိုးခဲ့ပါသည်။ ပဲပုတ်သီးနှံကို နှုန်းတင်မြေနုကျွန်းများတွင် အဓိကစိုက်ပျိုးပါသည်။ ယခုအခါတွင် ပဲပုတ်သီးနှံကို စားသုံးဆီအဖြစ် ကြိတ်ခွဲထုတ်လုပ်လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ် အတွင်း (၃၉၂၃)ဧက ရိတ်သိမ်းပြီး အထွက်နှုန်းမှာ တစ်ဧက (၂၅)တင်းခန့်ထွက်ရှိပါသည်။ ပဲပုတ်သီးနှံ ၏ တစ်ဧကကုန်ကျစရိတ် (ပျှမ်းမျှ)မှာ ၇၀၀၀၀၀/-ကျပ်ဖြစ်ပါသည်။ ယခုလက်ရှိအချိန်တွင် ပဲပုတ် တစ်တင်းရောင်းဈေးမှာ ၁၁၈၀၀၀/-ကျပ် အရောင်းအဝယ်ဖြစ်၍ တစ်ဧက အကျိုးအမြတ်မှာ ကျပ်သိန်း(၂၀)ဝန်းကျင် ရရှိပါသည်။ ကာလတူ နှိုင်းယှဉ်ချက်များအရ ၂၀၂၃-၂၀၂၄ ခုနှစ်တွင်ပဲပုတ်တစ်တင်း ရောင်းဈေးမှာ ၇၅၀၀၀/-မှ ၈၀၀၀၀/-ကျပ်သာဖြစ်ခဲ့ပြီး ယခုနှစ်တွင် ၁၁၈၀၀၀/- ကျပ်ဖြစ်နေ၍ တောင်သူများ အကျိုးအမြတ်များစွာ ဖြစ်နေသော ဈေးကွက်ဝင်ဆီထွက်သီးနှံဖြစ်ကြောင်း နှင့် ဝယ်လို အားကောင်းနေသော ဆီထွက် သီးနှံ ပဲပုတ်အကြောင်း တင်ပြအပ်ပါသည်။
DOCA(ဧရာဝတီ)