
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မုံရွာမြို့၊ မုံရွာတက္ကသိုလ်၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ (၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ ( ၂၈၅ )ဦး၊ စုစုပေါင်း ( ၃၀၀ )ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲတွင် မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်စန်းစန်းအေးက နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူဆိုသည်မှာ ၊ ဘာကြောင့်စားသုံးသူများ ကာကွယ်သင့်လဲ၊ မြန်မာနိုင်ငံ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများ၊ ကမ္ဘာ့တိုင်းပြည်များက မည်သို့မည်ပုံ ကာကွယ် ကြပါသနည်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအကြောင်းများနှင့် ဝန်ဆောင်မှုများအကြောင်း၊ စားသုံးသူ နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် တိုင်ကြားမှုများ အပေါ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက် မှုများအကြောင်း၊ Consumer Call Center (1535) နံပါတ်ကို ဖုန်းခေါ်ဆို၍လည်း တိုင်ကြား နိုင်ပါကြောင်း စသည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် တိုင်းဒေသကြီးဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဌာန၏ ပညာပေးလက်ကမ်း စာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေစာအုပ်များ ပေးအပ်ကာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို (၁၁ꓽ၃၀) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)