“ရွှေသီဟ” ပဲချောင်းကြော်လုပ်ငန်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၆.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် အင်္ဂပူမြို့နယ်၊ ကံဦးကျေးရွာရှိ “ရွှေသီဟ” ပဲချောင်းကြော်လုပ်ငန်းအား ဈေးကွက် စောင့်ကြည့်ခြင်းနှင့် ကွင်းဆင်းလေ့လာမှုများဆောင်ရွက်ခဲ့ပါသည်။  မိသားစု တစ်နိုင်တစ်ပိုင် လုပ်ငန်း အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပြီး မိမိတို့ဒေသ အစားအစာ မုန့်အချိုအဖြစ် စားသုံးခြင်းကြောင့် နေ့စဉ်ဝင်ငွေကောင်းသော လုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

          “ရွှေသီဟ” ပဲချောင်းကြော်လုပ်ငန်းသည် ၂၀၀၃ ခုနှစ်မှ စတင်ရောင်းချခဲ့ပြီး မိသားစုလုပ်ငန်း အဖြစ် ယခုအချိန်အထိ တွင်ကျယ်စွာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပဲချောင်းကြော် ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ်ကုလားပဲကိုအသုံးပြုပါသည်။တစ်နေ့လျှင် ကုလားပဲ ၃ ပိဿာ ကော်မှုန့် ၁ ပိဿာ၅၀ကျပ်သား၊ သကြား ၇ ကျပ်သားခန့်အသုံးပြုရပြီး၊ လုပ်သားခ အပါအဝင် ၁ သိန်း ဝန်းကျင်ကုန်ကျပါသည်။ တစ်ရက် ရောင်းရငွေ ၅ သိန်း ကျပ်ခန့် ရောင်းချရပြီး အကျိုးအမြတ်အဖြစ် ၁ သိန်းကျပ်ခန့် ရရှိပါသည်။ တစ်နေ့လျှင် ၇၀ ဂရမ် အထုတ်ရေ ၁၅၀ ထုတ်လုပ်နိုင်ပြီး  မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် သင့်တင့်မျှတသော အကျိုးအမြတ်ရရှိကာ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ စားသုံးသူများကြိုက်နှစ် သက်သော ဒေသအစားအစာ တစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း ဝယ်ယူစားသုံးမှုနှင့် ဒေသလက်ဆောင် အဖြစ် ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)