
(၇.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ကုန်စည်များသယ်ယူပို့ဆောင်သည့် ကုန်ကားပိုင်ရှင် လုပ်ငန်း ရှင်(၆၀)ဦး နှင့် တွေ့ဆုံ၍ အသိပညာ ပေးဟော ပြောခဲ့ကြသည်။
ညောင်တုန်းမြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေး နွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ၊ စီးပွားရေးလုပ်ငန်း ရှင်၏ လိုက်နာရ မည့် တာဝန်များ ကိုရှင်းလင်းခြင်း၊ မြို့နယ်အသီးသီးတွင် စီးပွားရေးလုပ်ငန်းရှင် အသေးစား၊ အလတ်စား။ အငယ်စားလုပ်ငန်းရှင်များရှိပြီး ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု အားကောင်းစေရန် ပြည်တွင်းထုတ်ကုန်ဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ တရားမဝင်ကုန်စည်များ ပိတ်ပင်တား ဆီနိုင်ရေး အဖွဲ့များဖွဲ့စည်း၍ တားဆည်းနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွင်း၊ ဒေသအတွင်း တရားမဝင်ကုန်သွယ်မှုလုပ်ဆောင်နေခြင်းများကို မဖြစ်ပေါ်စေခြင်းအလို့ငှာ ပြတ်ပြတ် သားသား တားဆီးကာကွယ်ရမည့်ဖြစ်ခြင်းကြောင့် ကုန်ကားပိုင်ရှင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ကုန်စည် သယ်ဆောင်ရာတွင် တရားဝင်လမ်းကြောင်းမှသာ ကုန်စည်များသယ်ယူပို့ဆောင်ရန် ဒေသတွင်း ထုတ်ကုန်များ တရားမဝင်ထုတ်လုပ်မှု မရှိစေရေးတရားမဝင်ကုန်သွယ်မှုကို ထိထိရောက် ရောက် တားဆီးစစ်ဆေးအရေးယူဆောင်ရွက်မည်ဖြစ်၍ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်၍ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း လုပ်ငန်းရှင်များမှ လည်း သိရှိလိုသည်များ မေးမြန််းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA( ဧရာဝတီ )