စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ နန္ဒဝန်ဈေးသို့ ဒေသအသီးသီးမှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
သံပရာသီးကို လူတန်းစားမရွေး ကြိုက်နှစ်သက်ပြီး သံပုရာချဉ်၊ သံပုရာရည်၊ သံပုရာယို၊ သံပုရာသီးသနပ်၊ ပျားသံပုရာရည် အစရှိသဖြင့် စားသောက်ကုန်အမျိုးမျိုး ပြုလုပ်နိုင်ပြီး အခြားကြိုက်နှစ်သက်ရာ အသီးအမျိုးမျိုးဖြင့် ရောစပ်၍ စားသောက်ကုန်အမျိုးမျိုးပြုလုပ်ပြီး ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။
နန္ဒဝန်ဈေးအတွင်းသို့ ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၁၅၀)ကျပ်မှ (၂၀၀) ကျပ်အထိ အရွယ်အစားပေါ်မူတည်ပြီး ရောင်းချကြောင်း သိရှိရပါသည်။စားသုံးသူများမှ ကျန်းမာရေးအတွက် ဆေးဖက်ဝင်အသီးဖြစ်သည့်အပြင် အသုပ်မျိုးစုံအတွက်လည်းအသုံးဝင်ပြီး ဝယ်ယူစားသောက်ကြ၍ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)