“မြစ်သားမြို့နယ်တွင် မိုးကြက်သွန်နီများစတင်ထွက်ရှိ”

Powered by Drupal

ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ စပါး၊ပဲ၊ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန် သီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။မြို့နယ်အတွင်း မိုးကြက်သွန် စိုက်ဧက(၂၇၉၀)ဧကစိုက်ပျိုးထားရှိပြီး ရိတ်သိမ်းလျှက်ရှိရာ အထွက်နှုန်းများလည်းကောင်းမွန်ကြောင်းသိရှိရပါသည် ။ စိုက်ပျိုးထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း(၃၀၀၀)ပိဿာကျော်ထွက်ရှိကြောင်း၊ ကြက်သွန်နီ(၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း သိန်း(၃၀)ကျော်ကုန်ကျကြောင်း၊ မိုးကြက်သွန် အများဆုံးစိုက်ပျိုးသောရွာများမှာ မြစ်သားမြို့နယ်၊ ကသဲကုန်းရွာ ၊ ဆည်ရွာ နှင့် လေးဆယ်ကုန်းရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည် ။ မိုးကြက်သွန်နီ စျေးနှုန်းအနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀) ကျပ်အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပါသည် ။ အစောပေါ် စျေးကောင်းရ သောကြောင့် တောင်သူများမှာ မန်မခြောက်ဘဲရိတ်သိမ်းသဖြင့် အစိုဓာတ်ကျန်ရှိသေးကြောင်း၊ ဒေသတွင်းစားသုံးရန်သာသင့်ကြောင်း ၊ မိုးကြက်သွန်အနေဖြင့် သိုလှောင်ထား၍မရကြောင်း ၊ ဆောင်းကြက်သွန်ပေါ်ချိန်မှသာ ရေရှည်စားသုံးရန်အတွက် သိုလှောင်ရန်ဝယ်ယူသင့်ကြောင်း ၊ ယခင်နှစ် ဆောင်းကြက်သွန်နီများသည် ဒီဇင်ဘာလကုန် နှင့် ဇန်နဝါရီလတွင် ထွက်ပေါ်လေ့ရှိပြီး ယခုနှစ်တွင် သဘာဝဘေးရေ‌ဘေးကြောင့် စိုက်ပျိုးမှုများ နောက်ကျခဲ့သဖြင့် အထွက်လည်း နောက်ကျနိုင်ကြောင်း၊ မိုးကြက်သွန် ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူပြီး မြို့နယ်အတွင်းစျေးများ နှင့် အခြားမြို့များသို့တင်ပို့ရောင်းချကြကြောင်း၊ ယခင်နှစ် မိုးကြက်သွန် အကျိုးအမြတ်အနေဖြင့် ထွက်ပေါ်ချိန်၁ပိဿာလျှင်(၂၈၀၀)ကျပ်ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၅၀)သိန်းကျော်မြတ်ကြောင်း ၊ ယခုနှစ် အကျိုး အမြတ်အနေဖြင့် ၁ပိဿာလျှင်(၂၅၀၀)ကျပ်ခန့် ရောင်းချရသောကြောင့် သိန်း(၄၀)ကျော် အကျိုး အမြတ်ရှိကြောင်း၊ မိုးကြက်သွန်နီအနေဖြင့် ဒေသတွင်းစိုက်ပျိုးဧကနည်းပါးသော်လည်း စိုက်ပျိုး သည့်တောင်သူများ ထွက်ပေါ်ချိန်တွင် စျေးကောင်းရရှိသည့်အတွက် အကျိုးအမြတ်များသည့် သီးနှံဖြစ်ကြောင်း၊ မိုးကြက်သွန် ရိတ်သိမ်းပြီးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။         

DOCA(မန္တလေး)