
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မိုးစပါးများကိုလည်းစိုက်ပျိုးကြကြောင်း၊ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၅၀၉၅၉ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဧရာမင်း၊ ဆင်းသုခမျိုးများအား အဓိကစိုက်ပျိုးကြောင်း၊ မိုးစပါးကို ဇူလိုင်လတွင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းကြောင်း၊ ကန့်ဘလူမြို့နယ်တွင် မိုးစပါးများရိတ်သိမ်းလျက်ရှိပြီး (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၈၀၀၀၀၀ ခန့်ကုန်ကျပြီး တစ်ဧက ပျမ်းမျှအထွက်တင်း ၇၁ တင်းခန့်ထွက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၇၆၂၀၀၀ ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဒေသတွင်းပေါက်ဈေးအနေဖြင့် စပါးအရည်အသွေးပေါ်မူတည်၍ ဧရာမင်းစပါး(၁၀၀)တင်းလျှင် ငွေကျပ် (၂၁၀၀၀၀၀- ၂၂၀၀၀၀၀)နှင့် ဆင်းသုခ(၁၀၀)တင်းလျှင်ငွေကျပ် (၁၆၀၀၀၀၀- ၁၇၀၀၀၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)