အာဖဂန်နစ္စတန်၏ ကုန်သွယ်မှု ပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်အထိ ရှိခဲ့

Powered by Drupal

             ၂၀၂၄ ခုနှစ်အတွင်း အာဖဂန်နစ္စတန်၏ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် သွင်းကုန် ၃၈% တိုးလာပြီး ပို့ကုန် ၄% လျော့ကျသွားကြောင်း အာဖဂန်နစ္စတန်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှု လုပ်ငန်းဝန်ကြီးဌာန၏ ပြောကြာချက်အရသိရသည်။ အာဖဂန်နစ္စတန်၏ ကုန်ပစ္စည်း စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနစ်တွင် ဒေါ်လာ ၁၂.၄၂ ဘီလီယံရှိပြီး နိုင်ငံ၏ပို့ကုန်ပမာမှာ ဒေါ်လာ ၁.၈ ဘီလီယံခန့်ရှိပြီး သွင်းကုန်ပမာဏမှာ ဒေါ်လာ ၁၀.၆ ဘီလီယံခန့်ရှိကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Akundzada Abdul Salam Jawad တနင်္ဂနွေနေ့က ပြောကြားချက်ကိုကိုးကား၍ Tolonews က ဖော်ပြခဲ့သည်။ အာဖဂန်နစ္စတန်မှ အီရန်၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆတိုးလာကြောင်းသိရသည်။ စိုက်ပျိုးရေးထွက်ကုန်များ၊ ပြုပြင်ပြီး စားသောက်ကုန်များ၊ အထည်အလိပ်များ၊ သားရေ၊ လျှပ်စစ်အစိတ်အပိုင်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများသည် အာဖဂန်နစ္စတန်နိုင်ငံတွင်းသို့ တင်သွင်းသူများအကြား ရေပန်းစားသော ကုန်ပစ္စည်းများဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွင်း အာဖဂန်နစ္စတန်မှ အဓိကတင်ပို့သောပို့ကုန်များမှာ ကျောက်မီးသွေး၊ သစ်သီးခြောက်များ၊ လက်ယက်ကော်ဇောများ၊ အဖိုးတန်ကျောက်မျက်ရတနာများပါဝင်ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)