ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ကနေဒါ၊ ဂျပန်နိုင်ငံတို့နှင့် ကုန်သွယ်မှုများ တိုးတက်ခဲ့

Powered by Drupal

             G7 အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကနေဒါနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ၂၀၂၄ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၏ ပဉ္စမနှင့်ဆဋ္ဌမမြောက် အကြီးဆုံးကုန်သွယ်ဖက်များဖြစ်လာစေရန် လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း အကောက်ခွန်နှင့်အခွန်ကြီးကြပ်မှုဦးစီးဌာန (GDCE) ၏ မကြာသေးမီကထုတ်ပြန်ခဲ့သော အချက်အလက်များအရသိရသည်။ ၂၀၂၄ ခုနှစ်အတွင်း မှတ်တမ်းများအရ ထိုနှစ်နိုင်ငံနှင့်ကမ္ဘောဒီးယားတို့အကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ် ကုန်သွယ်မှုကိန်းကဏန်းများထက် သိသိသာသာတိုးတက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း ဂျပန်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁.၉၄၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူ ကာလထက် ၁၉ ရာခိုင်နှုန်းနီးပါးတိုးလာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း ဂျပန်နိုင်ငံမှ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၆၇၇.၄၁ သန်းရှိပြီး ဂျပန်နိုင်ငံသို့ အဝတ်အထည်၊ ဖိနပ်၊ အိတ်၊ ပရိဘောဂ၊ သားရေထုတ်ကုန်များ၊ အလှကုန်မျာ၊ စက္ကူနှင့် ရုံးသုံးပစ္စည်းများတင်ပို့ခဲ့သည်။ ဂျပန်နိုင်ငံမှ မော်တော်ကား၊ စက်ယန္တယားများနှင့် လျှပ်စစ် ပစ္စည်းများ၊ အထည်လိပ်နှင့် ပလက်စတစ်ပစ္စည်းများတင်သွင်းခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လ အတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် ကနေဒါနိုင်ငံတို့သည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၀၆၃ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလထက် ၂၇ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ ကနေဒါနိုင်ငံသို့ကမ္ဘောဒီးယားပို့ကုန်များသည် လက်ရှိတွင် ကုန်သွယ်မှုဆက်ဆံရေး ကိုလွှမ်းခြုံထားပြီး နှစ်နိုင်ငံကုန်သွယ်မှုစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းအထိ ရှိသည်။ ၂၀၂၄ ခုနှစ် အတွင်း ကမ္ဘောဒီးယားနိုင်ငံမှကနေဒါသို့ အဝတ်အထည်၊ ဖိနပ်၊ အိတ်နှင့်စက်ဘီးတို့ကို အဓိက တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)