“ ခရမ်းမြို့နယ်၌ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်ပဲတီစိမ်းသီးနှံ(၁၀၄၄၉၄)ဧကစိုက်ပျိုးပြီးစီးခြင်း ”

Powered by Drupal

             ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရာသီတွင် ပဲစိုက်ပျိုးစွမ်းအားတိုးတက်စေရန်နှင့် ပြည်တွင်း၌ စားသုံးမှုဖူလုံစေရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ပဲတီးစိမ်းစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်ထိ ဧက(၁၀၄၄၉၄) စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် ပဲတီစိမ်းအထွက်နှုန်းကောင်းပြီး ပိုမိုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ခရမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

           ခရမ်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် (၁၀၄၅၅၈) ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများမှ ယခုနှစ်နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ ဧက (၁၀၄၄၉၄) ပြီးစီးအောင်စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်ဆောင်းသီးနှံသီးထပ် စိုက်ပျိုးရာသီတွင် ခရမ်းမြို့နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးစွမ်းအားတိုးတက်စေဖို့နှင့် တောင်သူသီးနှံ ဝင်ငွေတိုးပွားစေဖို့ရည်ရွယ်ပြီး ပဲတီးစိမ်းစိုက်ပျိုးခဲ့ပြီး သတ်မှတ်လျာထားဧကပြည့်မှီစေဖို့နှင့် အထွက်နှုန်းကောင်းမွန်စေဖို့အတွက် ဒေသခံတောင်သူတွေကို ပဲတီစိမ်းစိုက်ပျိုးရေးနှင့် ပတ်သတ်ပြီး စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးခြင်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)