“ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်သန်လျင်မြို့နယ်၌ပဲတီစိမ်းသီးနှံ(၄၆၆၀၅)ဧက စိုက်ပျိုးပြီးစီးခြင်း ”

Powered by Drupal

                 ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ‌သန်လျင်မြို့နယ်၌ ယခုနှစ်ဆောင်းရာသီစိုက်ပျိုးရာတွင် သီးထပ်သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရေးနှင့် ပြည်တွင်းစားသုံးမှုဖူလုံစေရေး၊ ပြည်ပသို့တင်ပို့နိုင်ရေးတို့အတွက် ပဲတီစိမ်းစိုက်ပျိုးလျက်ရှိရာ လက်ရှိအချိန်အထိ ဧက(၄၆၆၀၅) စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

             သန်လျင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်း(၄၆၇၂၆) ဧကစိုက်ပျိုးရန်လျာထားပြီး ဒေသခံစိုက်တောင်သူများက နိုဝင်ဘာလမှစတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်တွင် လျာထားချက်ရာနှုန်း ပြည့်နီးပါး (၄၆၆၀၅) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲတီစိမ်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့၊ ပိုးမွှားများမကျရောက်စေရန် အထွက်နှုန်းကောင်းမွန်စေရန်၊ လျာထားချက်ပြည့်မှီအောင်စိုက်ပျိုးနိုင်ရန်၊ စားသုံးဖို့ဖူလုံစေဖို့နှင့်ပဲစိုက် တောင်သူတွေ သီးနှံဝင်ငွေတိုးတက်စေရန်ရည်ရွယ်ပြီး ဒေသခံတောင်သူများနှင့်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရပြီး သန်လျင်မြို့နယ်၌ အထွက်နှုန်းကောင်းသည့် ဆောင်းသီးထပ်ပဲတီစိမ်းသီးနှံအား ယခင်ကထက်ပိုမိုစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းစားသုံးမှုဖူလုံစေပြီး ပြည်ပသို့တင်ပို့နိုင်သည့်အတွက် ပဲစိုက်တောင်သူများနှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)