“ ကျောက်တန်းမြို့နယ်၌ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာတွင်ပဲတီစိမ်း(၆၀၂၁၁)ဧက စိုက်ပျိုးပြီးစီးခြင်း ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ‌ကျောက်တန်းမြို့နယ်၌ ယခုနှစ်ဆောင်းရာသီစိုက်ပျိုးရာတွင် ပဲတီစိမ်းသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် (၈၁၀၇၂) ဧကစိုက်ပျိုးရန်လျာထားခဲ့ပြီး ဒေသခံပဲစိုက်တောင်သူများက ယခုနှစ်နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ပဲတီစိမ်း (၆၀၂၁၁) ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

             ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျောက်တန်းမြို့နယ် ပဲတီစိမ်းဧက ယနေ့အထိ (၆၀၂၁၁) ဧကကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ပြီး လျာထားချက်ဧက ပြည့်မီစွာစိုက်ပျိုးနှင့် လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပဲတီစိမ်းစိုက်ပျိုးမှု နှင့်ပတ်သတ်ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရန် ပညာပေးခြင်းများအထွက်နှုန်းကောင်းမွန်ဖို့အတွက် မျိုးကောင်း မျိုးသန့်ရွေးချယ်သုံးစွဲဖို့စသည့် ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ယခုနှစ်ကျောက်တန်း မြို့နယ်တွက် ပဲတီစိမ်းစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ အထွက်နှုန်းကောင်းမွန်ရေးတို့ကို အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ပြည်ပသို့ပဲတီစိမ်းတင်ပို့နိုင်ရေးအတွက်သီးနှံအထွက်နှုန်းနှင့် အရေအသွေးကောင်းမွန်စေရေးတို့အတွက် လိုအပ်သည့်မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာပေးခြင်း စသည်တိုကို ပဲစိုက်တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)