“ခရမ်းမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ”

Powered by Drupal

             ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် ခရမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၅၀၀-၃၈၀၀) ကျပ် ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင်(၅၆၀၀-၅၈၀၀)ကျပ်၊ ငစိန်အုပ်စု ပုသိမ်ရာကျော် တစ်ပြည်လျှင် (၂၉၀၀-၃၀၀၀)ကျပ်၊စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင်(၇၈၀၀)ကျပ်၊ ယခုပတ် တွင် (၇၈၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်ဆုံ တစ်ပိဿာလျှင်(၃၀၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြက်ကုတ်)တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ဆားကြမ်းတစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ငြုပ်တောင့် (အရှည်) တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ငြုပ်တောင့်(အပု) တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ငပိ(မျှင်) တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၃၅၀-၄၀၀) ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၅၀၀-၆၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

           အလားတူ ဗမာကြက်တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၇၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

            ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလာပြီး အသားငါးဈေးနှုန်းများ၊ စားအုန်းဆီဈေးနှုန်းနှင့်ပဲဆီဈေးနှုန်းများမှာတည်ငြိမ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)