၂၀၂၅ခုနှစ် ၊ ဇန်နဝါရီလ(၇)ရက်နေ့ ၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိများသည် ကျောက်ဆည် ၊ စဉ့်ကိုင် ၊ မြစ်သား နှင့် ပြင်ဦးလွင်မြို့နယ်များရှိ
ဘိလပ်မြေထုတ်လုပ်သည့် စက်ရုံများ နှင့် ဘိလပ်မြေလက်လီ ၊ လက်ကားရောင်းချသည့်ဆိုင်များ သို့သွားရောက်၍ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ နှင့် မြေပြင်လက်ကျန်အခြေအနေများ ၊ စျေးနှုန်းစျေးကွက် အခြေအနေများ ၊ ယခင်လနှင့်ယခုလစျေးနှိုင်းယှဉ်၍ စျေးနှုန်းအတက်အကျဖြစ်ရသည့်အကြောင်း အရင်းများအား ကွင်းဆင်းခဲ့ကြောင်း၊ ဘိလပ်မြေစျေးနှုန်းများအနေဖြင့် ALPHA ဘိလပ်မြေစျေးနှုန်း မှာ ယခင်လတွင် (၈၇၀၀/-)၊ယခုလတွင် (၉၀၀၀/-)ကျပ်၊ Double Rhinos ဘိလပ်မြေစျေးနှုန်း မှာ ယခင်လတွင် (၇၅၅၀/-)၊ယခုလတွင် (၇၈၅၀/-)ကျပ်၊ ဆင်မင်း ဘိလပ်မြေစျေးနှုန်း မှာ ယခင်လတွင် (၁၃၀၀၀/-)၊ယခုလတွင် (၁၃၀၀၀/-)ကျပ်၊ မြင်းခေါင်းဘိလပ်မြေစျေးနှုန်း မှာယခင်လတွင်(၉၅၀၀/-) ၊ ယခုလတွင် (၁၃၀၀၀/-)ကျပ်များဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)