မွန်ပြည်နယ်တွင် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အထွက်နှုန်းနှင့် အရည်အသွေး မြင့်မားစေရန် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်

Powered by Drupal

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော်မှ ၉၀ ရာခိုင်နှုန်းသည် လုပ်ကွက်ငယ် ခြံငယ်ရှင်းများဖြစ်ပြီး ခြံကြီး၊ ခြံလတ်များနှင့် ကုမ္ပဏီစိုက်ခင်းများမှာ ၁၀ ရာခိုင် နှုန်းအောက် စိုက်ပျိုးထားရှိ၍ ရော်ဘာအစေးခြစ်ဧက သုံးသိန်းကျော်ရှိသည်။

မွန်ပြည်နယ်တွင် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အထွက်နှုန်းနှင့် အရည်အသွေး မြင့်မားစေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးစေရန် ရော်ဘာပင်အိုများအား ခုတ်လှဲပြီး တန်ဖိုးမြှင့်ထုတ်ကုန်ဖြင့် ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သားလုပ်ငန်းများ ထုတ်လုပ်လျက်ရှိသည်။ မွန်ပြည်နယ်အတွင်း ရော်ဘာသစ်ခွဲသား၊ သစ်ပါးလွှာစက်ရုံ (၂၃) ရုံရှိပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် ရော်ဘာသစ်ခွဲသား၊ သစ်ပါးလွှာ (၂၂၉၀၆၁)တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်တွင် ထုတ်လုပ်ရောင်းဝယ်နေကြသည့် ရော်ဘာအမျိုးအစားများမှာ RSS ၊ MSR စသည့် အမျိုးအစားများဖြစ်ပြီး ပြည်နယ်အတွင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်နေသည့် မှိုင်ရုံ၊ ခရမ့်ရော်ဘာစက်ရုံ၊ တာယာစက်ရုံ၊ သရေးကွင်း၊ ပူဖောင်း၊ ဘောလုံး၊ ဖိနပ်လုပ်ငန်းများမှ တန်ချိန် ၁၅၀၀၀ ခန့်သုံးစွဲရာ ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသော ရော်ဘာများကို ပုဂ္ဂလိက ဝယ်လက်များမှတစ်ဆင့် ရော်ဘာအဝယ်ဒိုင်များက စုစည်းကာ ရန်ကုန်၊ မန္တလေး ကုမ္ပဏီကြီးများထံသို့ တင်ပို့ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

DOCA(မွန်)