၈.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများ သည် မော်လမြိုင်မြို့ပေါ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘိလပ်မြေ လက်လီ၊ လက်ကားရောင်းချသည့် ဆိုင်များတွင် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန်အခြေအနေများ၊ ဈေးနှုန်း ဈေးကွက် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ကြံ့နှစ်ကောင် အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၁၆၅၀၀) ကျပ်၊ ကြံ့အမှတ်တံဆိပ်(အပြာ) ဘိလပ်မြေတစ်အိတ်လျှင် (၁၆၀၀၀) ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရှိရပြီး၊ ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်ပါကလည်း ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိပါကြောင်း သိရှိရပါသည်။
DOCA(မွန်)