ဘီးလင်းမြို့နယ်တွင် ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးစီးမှူးဒေါ်ဇင်ဖြူဝင်း၊ ဒုတိယဦးစီးမှူး ဒေါ်နော်အေးမို့မို့ တို့သည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၈.၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် အလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ပေါ်ဆန်း ဆန် (၁၀၈) ပေါင်ပါ တစ်အိတ် လျှင် ကျပ် (၁၂၅၀၀၀)၊ ဧည့်မထ (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် ကျပ် (၈၀၀၀၀) ဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပြီး ဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ခြင်း မရှိကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များအားဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း  သိရပါသည်။

DOCA(မွန်)