မွန်ပြည်နယ်တွင် ရာသီစာဖြစ်သော ဒန့်သလွန်သီးများ စျေးကောင်းရရှိ

Powered by Drupal

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ နေအိမ်များတွင် ဒန့်သလွန် သီးပင်များကို စားသုံးသီးနှံအဖြစ် အိမ်ခြံဝင်းများ၌ စိုက်ပျိုးကြသည်။ ဒန့်သလွန်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အပွင့်၊ အသီး၊ အရွက်များအားလုံးကို စားသောက်ရန်နှင့် ဆေးဝါးအဖြစ် အသုံးပြုကြပါသည်။ ဒန့်သလွန်ပင်အမြင့်မှာ (၁၀) ပေမှ (၁၃) ပေထိမြင့်ပါသည်။ တစ်ပင်လျှင် အသီးအတောင့်ရေ (၈၀) မှ (၁၂၀) ကြားထွက်ရှိပါသည်။ ဒန့်သလွန်အရွက်ကို ဟင်းချိုချက်၍ စားသုံးနိုင်သကဲ့သို့ အသီးအတောင့်ကို ခရမ်းချဉ်သီး၊ ငါးနှင့် တွဲဖက်၍ ချက်စားလျှင်လည်း အလွန်အရသာရှိပါသည်။

ဒန့်သလွန်သီးများကို ချောင်းဆုံမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်ဈေးများ၌ ဒီဇင်ဘာလတွင် စတင်ရောင်းချနေကြောင်း သိရသည်။ ရာသီစာပေါ်ဦးပေါ်ဖျား ဒန့်သလွန်သီးဈေးနှုန်းများမှာ တစ်တောင့်လျှင် (၃၀၀) ကျပ်၊ ၅ တောင့်တစ်စည်းလျှင် (၁၅၀၀) ကျပ်ဖြင့် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မွန်)